domelay avatar

ကျွန်တော်နှင့် သရဲများ ( ၂ )

domelay

Published: 03 Jun 2018 › Updated: 03 Jun 2018ကျွန်တော်နှင့် သရဲများ ( ၂ )

ကျွန်တော်နှင့် သရဲများ ( ၂ )

ခြောက်တန်းခန့်က ဖြစ်ပါသည် ။ ပုရစ်ကောင်များ ကျသော အချိန်တွင် ပုရစ်ကောက်ရန်အတွက် သူငယ်ချင်း အချို့ သွားရောက်ကြပါသည် ။ ထိုသို့ သွားရောက်ချိန်တွင် ကျွန်တော်ကတော့ လိုက်မကောက်တတ်ပါ ။ အဖေက ငယ်စဉ်ကတည်းက သူများအသက်သတ်တာ လိမ်ပြောတာ မလုပ်ခိုင်းပါဘူး ။ ဒါကြောင့် အမေ့ကို တွေ့ချင်တဲ့သူ တစ်ယောက် အိမ်လာရာတွင် အမေက မရှိဘူးလို့ ပြောလိုက် ဆိုတာကိုပင် အမေက မရှိဘူးလို့ ပြောလိုက်တဲ့ လို့ ပြန်ပြောဖူးသည် ။ အဲ့လိုကို ညာမပြောတတ်တာပါ ။ အဲ့တာကြောင့်လည်း အိမ်ထောင်မကျတတ်တာ ဖြစ်မည် ။ အကောင်လေးတွေ ရဲ့ အသက်လဲ မသတ်သဖြင့် တစ်ခါတစ်လေ အပျော် လိုက်ဖြစ်သော်လည်း များသောအားဖြင့် မလိုက်သည်က များပါသည် ။ အပျော်လိုက်သည် ဆိုသည်မှာ ကျွန်တော်လဲ ပုရစ်ဖမ်းပါသည် ။ ပြီး သူငယ်ချင်းများနှင့် ပြိုင်လိုလျှင်လဲ ပြိုင်သည် ၊ မပြိုင်လိုလျှင်လဲ မပြိုင် ဘယ်လိုဖြစ်ဖြစ် ကိုယ်ဖမ်းသည့် ပုရစ်များကိုတော့ အကုန်ပြန်လွှတ်ပေးသည် ။

puyit.jpg
Image source

ထိုနေ့က သူငယ်ချင်းများ ပုရစ်ကောက်ခေါ်သော်လည်း ကျွန်တော် လိုက်မသွားပေ ။ ခပ်စောစောပင် အိပ်ယာ ဝင်ခဲ့ပါသည် ။ ထို့နောက် ည သန်းခေါင်အချိန်တွင် ပြန်နိုးလာပါသည် ။ လမ်းမီးရသော နေရာ ဖြစ်သည့် လမ်းမကြီးတွင်တော့ ပုရစ်ကောက်သူများစည်ကား နေချိန်လောက်ဖြစ်ပြီး အချို့ အိပ်ချင်သူတို့ အိမ်ပြန်ကြသော အချိန်လည်း ဖြစ်ပါသည် ။ ထိုအချိန်တွင် ကျွန်တော်လည်း အပေါ့အပါး သွားရန်အတွက် အောက်သို့ ဆင်းလာပါသည် ။ ကိစ္စပြီးသည့် အချိန်တွင် အိမ်ပေါ်ပြန်တက်မည် အလုပ်တွင် ထိုနေရာတွင် အမှောင်ထဲတွင် မသဲကွဲသော်လည်း သူငယ်ချင်းဖြစ်သူ မောင်ဝမ်း အရွှယ် သူ့ ပုံစံနှင့်လည်း အတော် ဆင်တူသော အရာကို တွေ့မိလိုက်သည် ။ ကျွန်တော် မောင်ဝမ်းထင်ကာ ‘ ဟေ့ကောင် ပုရစ်ကောက်က ပြန်လာပြီလား ဒီအချိန်ကြီး မပြောမဆို အိမ်ထဲဝင်ပြီး ဘာလာလုပ်တာလဲ ’ ဟူ၍ မေးလိုက်သည် ။ သို့သော် အရေးမလုပ် ။

.jpg
Image source

ပြောတာ ဂရု မစိုက်ဖူး အထင်ဖြင့် ပြန်ပြောရန် ကြည့်လိုက်သည် ။ အသွင်ကား ညီမလေး ပုံစံ ဖြစ်နေသည် ။ အာ ခုနက ကြီးကြီးပါ အမြင်များမှားနေလား ဟူ၍ ပြန်ကြည့်သည် ထို့နောက် ‘ညီမလေး အမေတို့ကို မနိုးဘဲဘာလို့ ဆင်းလာတာလဲ ’ ဒီတစ်ခါလည်း ဘာမှ မပြော သေချာ ကြည့်သည် အရိပ်လိုလို ရှိနေဆဲပင် ။ ဒါနဲ့ထိုနေရာကို လက်နဲ့ ရမ်းကြည့်သည် ဘာမှမထိမိ ။ ကြည့်လိုက်တော့လည်း ဘာမှ မရှိ ဒါနဲ့ လူလည်း ထိုနေရာမှာပင် ကြက်သီးများထ၍ ငူပြီး ရပ်နေပြီး စဉ်းစားသည် ။ ရပ်ပြီး စဉ်းစားသည် ဆိုသော်လည်း ထိုရပ်ပြီး စဉ်းစားသည်က မြန်သည် ။ ဘာသာစကားများ မပါ ။ အချိန်ခဏတွင် များစွာ စဉ်းစားမိသည် ။ ထို့နောက် အိပ်ခန်းထဲသို့ လျှပ်စီးကဲ့သို့ အလျှင်ဖြင့်ရောက်သွားလေသည် ။ အိပ်ခန်းထဲတွင် နည်းနည်း နေပြီး အဖွားများ အခန်းထဲ ထိုညပြောင်းအိပ်လိုက်လေတော့သည် ။

MSC - 9

domelay@domelay (အတွေးမျှင်လေးများ)

Leave ကျွန်တော်နှင့် သရဲများ ( ၂ ) to:

Written by

Author / Myanmar Steemit

Read more #myamnar posts


Best Posts From domelay

We have not curated any of domelay's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From domelay