
စကားလုံးတွေရဲ့ ကြေးကျွန်
အဘိုးအိုတစ်ယောက်ဟာ သူ့အိမ်နီးချင်းကို သူခိုးတစ်ယောက်ဖြစ်ကြောင်း စွပ်စွဲပြောဆိုသတင်းလွှင့်ပါတယ်... အဲ့ဒီအကျိုးဆက်ကြောင့် အိမ်နီးချင်းလူငယ်ဟာ အဖမ်းခံရပါတယ်...
ရက်အတန်ကြာတဲ့အခါမှာတော့ လူငယ်လေးဟာ အပြစ်မရှိကြောင်း သက်သေပြနိုင်ခဲ့တဲ့အတွက် ပြန်လွတ်လာခဲ့ပါတယ်... ပြန်လွတ်လာပြီးတဲ့အခါမှာ အိမ်နီးချင်းအဘိုးအိုကို သူ့အပေါ် မတရား စွပ်စွဲပြောဆိုမှုအတွက် တရားပြန်စွဲပါတယ်...
တရားခွင်ရောက်တဲ့အခါ အဘိုးအိုက တရားသူကြီးကိုပြောပါတယ်..
"ကျွန်တော်က စကားအဖြစ်ပြောလိုက်တာပါ... ဘယ်သူ့ကိုမှ ထိခိုက်ပြောဆိုနေတာမဟုတ်ပါဘူး..."
တရားသူကြီးက အဘိုးအိုကို ပြောတယ်...
"ခင်ဗျားရဲ့ အိမ်နီးချင်းအကြောင်း ခင်ဗျားပြောခဲ့သမျှကို စာရွက်တစ်ရွက်ပေါ်မှာ ချရေးရမယ်...
ပြီးရင် ခင်ဗျားပြန်တဲ့လမ်းတစ်လျှောက်လုံးမှာ အဲ့ဒီစာရွက်ကို ဖြဲပြီး လွှင့်ပစ်သွားရမယ်...
မနက်ဖြန်ကျရင် အမိန့်ချတာကို နာကြားဖို့ပြန်လာခဲ့ပါ...."
နောက်တစ်နေ့ရောက်တဲ့အခါ တရားသူကြီးက အဘိုးအိုကို ပြောပါတယ်...
"အမိန့်မချခင်မှာ မနေ့က လမ်းတစ်လျှောက်လုံး ခင်ဗျားပစ်ခဲ့တဲ့ စာရွက်အပိုင်းတွေကို ပြန်စုပေးရမယ်...."
အဘိုးအိုကပြန်ပြောတာပေါ့...
"အဲ့လိုလုပ်လို့ ဘယ်ရမလဲဗျ... မနေ့က ကျွန်တော်လွှင့်ပစ်ပြီးတော့ လေကလည်း တိုက်တယ်လေ... အဲ့ဒီစာရွက်အပိုင်းလေးတွေကို အခုမှ ဘယ်လိုပြန်ရှာမလဲ..."
အဲ့ဒီအခါမှ တရားသူကြီးက ပြန်ပြောတယ်...
"အဲ့ဒီလိုပဲပေါ့... ခင်ဗျားပြောလိုက်တဲ့ ရိုးရိုးစကားလေးတွေကလည်း လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးပစ်လိုက်နိုင်တယ်... ဒီစာရွက်တွေလိုပဲ ဘယ်လိုမှ ပြန်ပြီးစုစည်းတည်ဆောက်လို့မရတော့ဘူး... တစ်ယောက်ယောက်အကြောင်း ခင်ဗျားအကောင်းမပြောနိုင်ရင် ဘာမှမပြောဘဲနေလိုက်တာက ပိုကောင်းတယ်...."
ဒါကြောင့် စာဖတ်သူတို့လည်း ကိုယ့်ပါးစပ်တစ်ပေါက်ကို ဆင်ခြင်ထိန်းသိမ်းနိုင်တဲ့သူတွေဖြစ်အောင် ကြိုးစားကြပါ.... စကားလုံးတွေရဲ့ ကြေးကျွန်အဖြစ်ကို မကျရောက်ပါစေနဲ့လို့ ဆန္ဒပြုတိုက်တွန်းလိုက်ပါတယ်...
အင်တာနက်မှပုံပြင်ကောင်းများ
Source : သီရိ ကလျာနွယ်
Leave စကားလုံးတွေရဲ့ ကြေးကျွန် to:
Read more #mawlamyine posts
Best Posts From Bo Tint
We have not curated any of botint's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.