ခရီးဆက်ရပါဦးမည်
Posted from my blog with SteemPress : https://bobokyaw.000webhostapp.com/2020/05/%e1%80%81%e1%80%9b%e1%80%ae%e1%80%b8%e1%80%86%e1%80%80%e1%80%b9%e1%80%9b%e1%80%95%e1%80%ab%e1%80%a5%e1%80%ae%e1%80%b8%e1%80%99%e1%80%8a%e1%80%b9
https://playror.com/
Oilfield မှာအလုပ်လုပ်ကိုင်ရန်အတွက် မနေ့က စေခိုင်းခဲ့ပါတယ် ဒီနေ့မှာ တွေ့မြင်ရတာတော့ မနေ့ကတည်းက စစ်သားတွေ အလုပ်မဆင်းတာမြင်လိုက်ရပါတယ် သေချာပြန်စစ်ဆေးကြည့်တော့ ဟုတ်ပါတယ် မနေ့ကတည်းက စစ်သားတွေကို အလုပ်ရှိရာ နေရာကို မပို့ဆောင်နိုင်ခဲ့တာပါ လက်ရှိစခန်းနေရာကနေ အလုပ်ရှိရာ အရပ်ကို အလုပ်ခိုငးလို့မရပါဘူး နောက်ထပ် စခန်းပြောင်းရွှေ့ရမယ်လို့ ဆိုနေပါတယ် ဒါကြောင့် ဒီနေ့မှာလည်း ခရီးဆက်ရန်ပြင်ဆင်ရပြန်ပါတယ် ဒီနေ့သွားရဦးမယ့်နေရာကတော့ Haenam အရပ်ကိုဖြစ်ပါတယ် အဲ့ဒီနေရာကို ရောက်မှသာလျှင် Oilfield မှာ အလုပ် လုပ်ကိုင်နိုင်မှာဖြစ်ပါတယ် နယ်မြေဒေသ မကျွမ်းကျင်တော့ အခုလို အဆင်မပြေဖြစ်စေတာပါဘဲ အရင်က နေရာစုံအောင် သွားလာဖူးထားရင် အခုလို အမှားမျိုးဖြစ်လာစရာတော့မရှိပါဘူး ဒါကြောင့် အခုလုပ်ဆောင်နေရတဲ့ အဓိကအကြောင်းရင်းကလည်း နေရာစုံ ရောက်ဖူးနိုင်ရေးဖြစ်လို့နေပါတယ်
ဒီနေ့မှာလည်း အလုပ်တွေ မလုပ်ကိုင်နိုင်တော့ပါဘူး နေရာပြောင်းရွှေ့တာကိုဘဲ ဆက်လက်လုပ်ကိုင်နေရလို့ပါ အခုတစ်ခါ ခရီးသွားတာကလည်း အချိန်ကြာပါဦးမယ် အရင်ကလိုတော့ အချိန်အများကြီး မကုန်တော့ပါူဘး အခုခရီးက အနည်းငယ်နီးပါတယ် ခရီးကြာချိန်ကတော့ နှစ်နာရီခွဲလို့ ပြောပါတယ်
https://playror.com/
Haenam ကိုရောက်မှ Oilfield အလုပ်ကို လုပ်ရမယ်လို့ မနေ့ကတည်းက သိခဲ့သင့်ပါတယ် အခုတော့ မှားယွင်းမှုအတွက် တစ်ရက်စာနစ်နာခဲ့ရပါပြီ မတက်နိုင်ပါဘူး အခုသွားနေတဲ့ Haenam ကတော့ ပင်လယ်ပြင်ဘက် အငူထွက်နေတဲ့ အစွန်ဆုံးသော အရပ်ဒေသဖြစ်ပါတယ် မြေပြန့်လွင်ပြင်တွေ ပေါများပါတယ် သစ်တော အနည်းငယ်နဲ့ လယ်ယာစိုက်ခင်းတွေ ပေါများရာအရပ်ဖြစ်တယ်ဆိုတာလည်း မြင်ရပါတယ် တခြားလုပ်စရာ အလုပ်တော့ မမြင်တွေ့ရသေးပါဘူး တကယ်လို့ သူ့နေရာရောက်ရင်တော့ ခရီးက ဆုံးပါပြီ နောက်ထပ် နေရာပြောင်းရွေ့ချင်ရင်တော့ ရှေ့မှာက ပင်လယ်ပြင်သာကျန်ပါတယ် ဒါကြောင့် အပေါ်ပိုင်းကုန်မြေဘက်ကို ဆက်လက် သွားလာရမှာပါ အခုလိုအ စွန်အဖျားဒေသမှာတော့ ကောင်းမွန်တဲ့ လုပ်ငန်းတွေ ရှိမနေနိုင်ဘူးလို့ ထင်ပါတယ် ရောက်လက်စနဲ့ ဒေသကို သေချာနားလည်ကျွမ်းကျင်အောင်တော့ လေ့လာရပါဦးမယ် အခုတလောကတော့ ခရီးသွားခြင်းအလုပ်နဲ့ဘဲ အချိန်တွေကုန်နေပါတယ်
Posted from my blog with SteemPress : https://bobokyaw.000webhostapp.com/2020/05/%e1%80%81%e1%80%9b%e1%80%ae%e1%80%b8%e1%80%86%e1%80%80%e1%80%b9%e1%80%9b%e1%80%95%e1%80%ab%e1%80%a5%e1%80%ae%e1%80%b8%e1%80%99%e1%80%8a%e1%80%b9
Leave ခရီးဆက်ရပါဦးမည် to:
Read more #steempress posts
Best Posts From bobokyaw
We have not curated any of bobokyaw's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.
More Posts From bobokyaw
- Two band members found (Day 73: Playing Rising Star Game)
- Band Auditions Mission Starts Now! (Day 72: Playing Rising Star Game)
- Level 74 has been reached (Day 71: Playing Rising Star Game)
- Level 73 has been reached (Day 70: Playing Rising Star Game)
- STARBITS Millionaire (Day 69: Playing Rising Star Game)
- Trying for a Future (Day 68: Playing Rising Star Game)
- Bought two Risky Whiskey (Day 67: Playing Rising Star Game)
- (Day 66: Playing Rising Star Game)
- Level 67 has been reached (Day 65: Playing Rising Star Game)
- I bought two cold pizzas today (Day 64: Playing Rising Star Game)