မိုင်းလုပ်သားတွေအလုပ်များပြီ
Posted from my blog with SteemPress : https://bobokyaw.000webhostapp.com/2020/05/%e1%80%99%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b8%e1%80%9c%e1%80%af%e1%80%95%e1%80%b9%e1%80%9e%e1%80%ac%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%a1%e1%80%9c%e1%80%af%e1%80%95%e1%80%b9%e1%80%99
https://playror.com/
ဒီနေ့မှာတော့ Mine လုပ်ငန်းကို စတင်ပါပြီ စစ်သားတွေအားလုံးကိုလည်း မိုင်းတွင်းထဲသို့ ဆင်းခိုင်းလိုက်ပါပြီ အဓိကတော့ ငွေတုံးများ ရှာဖွေ စုဆောင်းနိင်ရန်အတွက်ဖြစ်ပါတယ် ငွေတုံးတွေက ဈေးကောင်းကောင်းရပါတယ် ရွှေနဲ့ လဲလှယ်ရာမှာလည်း များစွာ အဆင်ပြေစေနိုင်ပါတယ် ရွှေများများရရှိရန်အတွက် ငွေတုံးများများကို စုဆောင်းမိဖို့မျှော်လင့်ပါတယ် မိုင်းတူးတဲ့အခါမှာ တစ်ကြိမ်ကို လေးနာရီကြာမြင့်မယ်ဆိုတာကိုတွေ့မြင်ရပါတယ် ဒါဆိုရင်တော့ တစ်ရက်မှာ ခြောက်ကြိမ် တိတိ မိုင်းတူးနိုင်မှာဖြစ်ပါတယ် ခြောက်ကြိမ်မှာ သုံးကြိမ်လေက်တော့ ငွေတုံးရရှိမယ်လို့ ထင်ပါတယ် တစ်ရက် သုံးတုံးလောက် ရမယ်ဆိုရင်တော့ မဆိုးပါဘူး တစ်ခုတော့ရှိပါတယ် လေးနာရီတစ်ကြိမ်မိုင်းတူးနိုင်ဖို့ကတော့ တော်တော်သတိထားစောင့်ကြည့်ပြီး ကစားရမှာပါ အကောင်းဆုံးကတော့ တစ်ရက် တစ်ကြိမ်လောက် တူးနိုင်ဖို့အတွက် အရင်လုပ်ရမယ်ဆိုတာကို မြင်ရပါတယ် အခြားဦးစားပေးစရာအလုပ်တွေကလည်းရှိသေးတော့ တစ်ရက်လေးကြိမ်မက တူးနိုင်ဖို့ဆို မသေချာပါဘူး ဒါကြော်င့် အနည်းဆုံး တစ်ရက်တစ်ကြိမ် တူးဖြစ်အောင် တူးမယ်စိတ်ကူးပါတယ် မိုင်းတွင်းမှာတော့ တိုက်ခိုက်မျုတွေ မရှိပါဘူး အလုပ်ကို သေချာလုပ်နိုင်ပါလိမ့်မယ် ငွေတုံးရရှိမှုကတော့ ပုံသေမရှိတဲ့အတွက် အတိအကျတော့ တွက်လို့ မရနိုင်ပါဘူး တစ်ခါတရံ ငွေတုံးမရဘဲ ပြန်လာတဲ့ စစ်သားတွေကို မြင်ရတက်ပါတယ် မိုင်းတွင်းမှာတော့ လောလောဆယ် လုပ်နိုင်တာတွေကို သေချာလုပ်ပါဦးမယ်
https://playror.com/
Mine တွင်းရှိရာ Daegu မြို့လေးဟာဆိုရင်ဖြင့် စည်ကားသောနေရာတစ်ခုလို့ မြင်ပါတယ် ဆေးရုံလည်းရှိတဲ့အတွက် တော်တော်ကြီးအဆင်ပြေပါတယ် တကယ်လို့များ တိုက်ခိုက်မှုတွေ ရှိလာရင် စစ်သားတွေကို နေရာရွှေ့ပြောင်းစရာမလိုဘဲ ဒီနေရာမှာတင် ဆေးရုံတင်ပေးလို့ရပါတယ် ဆေးကုသစရိတ်လည်း ပူစရာမလိုပါဘူး လိုအပ်သော အသုံးစရိတ်တွေကို ရှာဖွေနိုင်တဲ့ အရောင်းအ၀ယ်တွေကိုလည်း ဒီမြို့ထဲမှာတင် လုပ်လို့ရပါတယ် ဒါကြောင့် ဒီနေရာမှာ လုပ်ကိုင်ရတာတော့ စိတ်ပူစရာ သိပ်မရှိလှပါဘူး
တစ်ခုဘဲလုပ်မရနိုင်တာပါ အဲ့ဒါကတော့ လိုအပ်တဲ့ စစ်အင်အားဖြည့်တင်းမှုတွေကိုတော့ လုပ်မရတာတွေ့ရပါတယ် စစ်အင်အားဖြည့်တင်းနိုင်ဖို့ဆို၇င်တော့ အခြားတစ်နေရာကို ပြောင်းရွှေ့ရမှာဖြစ်ပါတယ် အရင်ကရှာဖွေထားတဲ့ ပိုးထည်တွေကိုတော့ ဒီမြို့မှာဘဲ ရောင်းချပြီး ရွှေတွေကို စုဆောင်းလိုက်ပါတယ် နောက်ထပ်ရနိုင်သမျှကိုလည်း မိုင်းတွင်းကနေ ထုတ်ယူပါဦးမယ် စစ်အသုံးစရိတ်အတွက် ရွှေအလုံအလောက်ရရင်တော့ စစ်အင်အားများဝယ်ယူဖြည့်တင်းနိုင်မယ့် အခြားမြို့ကို ပြောင်းရွှေ့မှာဖြစ်ပါတယ် နေရာစုံအောင်တော့ လျှောက်သွားကြည့်မှာပါ ဒီနေ့မှာတော့ မိုင်းတွင်းမှာ အချိန်ဖြုန်းနေပါတယ် ငွေတုံးရရှိမှုအနည်းအများပေါ် မူတည်ပြီးနောက်ရက်မှာ ဆက်နေသင့်မနေသင့် ဆုံးဖြတ်မှာဖြစ်ပါတယ်
စတင်းဈေးကတော့ ဆယ့်ရှစ်ပြားနားမှာ ပိတ်မိနေပါတယ် အောက်ကိုလည်း များစွာ ရောက်မသွားသေးပါဘူး ဒီထက် ထပ်တက်လာဖို့လည်း မျှော်လင့်စရာတော့ လောလောဆယ်မမြင်မိပါဘူး ဘီတီစီ ဈေးတက်သွားပေမယ့် သူတို့ကတော့ ထုံးစံအတိုင်း အောက်မှာ နေရာမပြတ် ချန်နေရစ်ကြပါတယ် အပေါ်က တက်သွားတဲ့ ကိုတော်ချော ဘီတီစီ အောက်ကို ပြန်ဆင်းလာတဲ့အခါမှာတော့ စတင်းက လိုက်ပြီး ဆင်းမယ်လို့ ထင်မြင်ရပါတယ် တက်ရင်သာ သူတို့က မပါတာပါ ဆင်းရင်တော့ အနည်းနဲ့အများ သူတို့ကပါ ရောယောင်ပြီး လိုက်ဆင်းနေကျဆိုတော့ အပြစ်တော့ မပြောတော့ပါဘူး သူတို့ သဘာဝကိုက အဲ့သလိုဖြစ်နေတာလို့ဘဲ ယူဆမိပါတယ်
စတီးမစ်မှာ အမှန်တကယ် ကြိုးစားလုပ်ကိုင်လိုသူတွေအတွက်တော့ အချိန်အခါကောင်းကြုံနေပါပြီ ဒီလိုအခွင့်အရေးမျိုးအရင်က မရှိခဲ့ပါဘူး အခုတော့ ပြောင်းလဲခြင်းနဲ့အတူ အခွင့်အရေးတွေ ပေါ်ပေါက်လျှက်ရှိပါတယ် ၀ိဝါဒ ကွဲပြားသွားတဲ့နောက်ပိုင်း စတီးမစ်က ယခင်ဥပဒေဟောင်း တော်တော်များများကို မြေလှန်ပြစ်မယ့်သဘောမှာ ရှိပါတယ် ထိုနည်းတူ ဥပဒေသ အသစ်တွေလည်း ပေါ်ထွက်လာဖွယ်ရှိပါတယ်
Posted from my blog with SteemPress : https://bobokyaw.000webhostapp.com/2020/05/%e1%80%99%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b8%e1%80%9c%e1%80%af%e1%80%95%e1%80%b9%e1%80%9e%e1%80%ac%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%a1%e1%80%9c%e1%80%af%e1%80%95%e1%80%b9%e1%80%99
Leave မိုင်းလုပ်သားတွေအလုပ်များပြီ to:
Read more #steempress posts
Best Posts From bobokyaw
We have not curated any of bobokyaw's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.
More Posts From bobokyaw
- Two band members found (Day 73: Playing Rising Star Game)
- Band Auditions Mission Starts Now! (Day 72: Playing Rising Star Game)
- Level 74 has been reached (Day 71: Playing Rising Star Game)
- Level 73 has been reached (Day 70: Playing Rising Star Game)
- STARBITS Millionaire (Day 69: Playing Rising Star Game)
- Trying for a Future (Day 68: Playing Rising Star Game)
- Bought two Risky Whiskey (Day 67: Playing Rising Star Game)
- (Day 66: Playing Rising Star Game)
- Level 67 has been reached (Day 65: Playing Rising Star Game)
- I bought two cold pizzas today (Day 64: Playing Rising Star Game)