ငွေတုံးတွေရလာပြီ
Posted from my blog with SteemPress : https://bobokyaw.000webhostapp.com/2020/05/%e1%80%b1%e1%80%84%e1%80%bc%e1%80%90%e1%80%b6%e1%80%af%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%9b%e1%80%9c%e1%80%ac%e1%80%bb%e1%80%95%e1%80%ae
https://playror.com/
မိုင်းတွင်းထဲက ပြန်လာတဲ့ စစ်သားတွေက ငွေတုံးနှစ်တုံး ယူဆောင်လာကြပါတယ် တစ်ကြိမ်တည်း ငွေတုံးနှစ်တုံးရလာတာဖြစ်လို့ တော်တော်ကြီး အဆင်ပြေတယ်ဆိုရပါမယ် ဟိုယခင်ကတော့ တစ်ကြိမ်မိုင်းတွင်းဆင်းရင် ငွေတုံး တစ်တုံးသာရလေ့ရှိပါတယ် အခုနှစ်တုံးရလာတာဖြစ်ပါတယ် တစ်ခါတစ်ရံ တစ်တုံးမှရမလာဘဲ ပြန်လာကြတာလည်းရှိပါတယ် ငွေတုံးတွေက ဈေးကောင်းရတာဖြစ်လို့ တစ်ရက်နှစ်တုံးလောက်ရရင်ကိုဘဲ တော်တော်ကြီး အဆင်ပြေပါပြီ ရလာတဲ့ ငွေတုံးတွေကို ဈေးကွက်ပို့ပြီး ရောင်းလိုက်ပါတယ် စစ်အင်အားတော့ ဖြည့်တင်းလို့ မရသေးတဲ့အတွက် မနက်ဖန်နေရာပြောင်းရပါလိမ့်မယ် ရွှေအတော်များများစုမိပြီဆိုရင်တော့ မိုင်းတွင်းကနေ စစ်သားတွေအတွက် လိုအပ်တာတွေ ဖြည့်ဆည်းနိုင်မယ့် မြို့ကို ပြောင်းပေးရမှာပါ စစ်အင်အား ဖြည့်တင်းပြီးရင်တော့ တိုက်ခိုက်မှုတွေ ရှိတဲ့ နယ်မြေကို လှည့်လည်မှာဖြစ်ပါတယ် ဒီနေ့တစ်ရက်တော့ မိုင်းတွင်းအလုပ်ကို လုပ်ပါဦးမယ် မနက်ဖန်မှ နေရာပြောင်းတာကို လုပ်ဆောင်ပါမယ် လက်ရှိမှာတော့ စစ်သားတွေလည်း ကျန်းမာရေး ကောင်းမွန်နေကြလို့ လိုအပ်တဲ့ ဆေးစစ်မှုတွေကို အနည်းအကျဥ်းလုပ်ဆောင်ပေးပြီး အုလပ်တွေကို ဆက်တိုက်ခိုင်းနေနိုင်ပါတယ် ဆေးရုံရှိတဲ့ မြို့ကတော့ ဒီတစ်ချက်မှာ တော်တော်လေးအဆင်ပြေပါတယ် မဟုတ်ရင်တော့ စစ်သားတွေ သက်တမ်းကုန်ခါနီးရင် သက်တမ်းတိုးပေးဖို့ကို ဆေးပုလင်းတွေ သုံးရပါတယ် ဆေးပုလင်းကလည်း တစ်ရက်မှ တစ်ပုလင်းဘဲ ဖရီးရတာပါ အခုတော့ ရတဲ့ ဆေးပုလင်းတွေစုထားလိုက်ပါတယ် လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို ဆေးရုံကဘဲ လုပ်ဆောင်ပေးလိုက်ပါတယ် မိုင်းတွင်းရှိတဲ့မြို့ကတော့ အားလုံးနီးပါးကောင်းပါတယ် ဒါပေမယ့် စစ်အင်အား ဖြည့်တင်းရေး မလုပ်နိုင်တာတော့ တော်တော်လေးဆိုးပါတယ် ဒိနေရာက မခွါချင်ပေမယ့်လည်း နေရာအနှံ့လျှောက်သွားဖို့ လိုအပ်နေတာဖြစ်တဲ့အတွက် နောင်အခါများမှ မိုင်းတွင်းကို ပြန်လာအခြေချပါဦးမယ်
https://playror.com/
မိုင်းတွင်းရဲ့ ဈေးကွက်ကတော့ ရောင်းဝယ်ရ အဆင်ပြေတယ်လေ ရှာဖွေထားသမျှကို ရွှေနဲ့ လဲလှယ်ယူထားပါတယ် ပိုးထည်တွေကတော့ ဈေးကောင်းရတာတွေ့ရတယ် ငွေတုံးကတော့ သိပ်မရသေးလို့ မနက်ဖန်မှ စုပြီး ရောင်းပါမယ်
ဟိုယခင် ဒိဂိမ်းစဆော့စဉ်တုန်းက ကိုယ်ရလာတာတွေကို ဘယ်လို ရောင်းရမှန်းမသိ တိုင်ပါတ်နေဖူးပါတယ် အဲ့တုန်းက ကစားဖေါ်တစ်ယောက်ရဲ့ ပြောပြချက်အရ ဘယ်လိုရောင်းရတယ်ဆိုတာလေးသိရလို့ အခုလို ရောင်းတဲ့နေရာရှာပြီး ရောင်းတက်သွားတာပါ ဂိမ်းကလည်း မသိရင် အတော်ကို ဆိုးပါတယ် အခုတော့လည်း အဆင်ပြေနေပါပြီ အဲ့ဒီကစားဖေါ်လည်း ဘယ်ရော်ကနေတယ်မသိပါဘူး မတွေ့တာကြာပြီ သူလည်း မကစားတော့ပါဘူး ဟုတ်တော့လည်း ဟုတ်ပါတယ် ဂိမ်းက ဘာမှ အကျိုးအမြတ် ရေရေရာရာ မရသေးတော့ ကစားသူတွေ အားပြတ် စေပါတယ် သိပ်မကြာခင်တော့ စတင်းတွေ ထုတ်ယူနိုင်မယ်လို့ မျှော်လင့်ရင်း ဆက်လက် ကစားနေပါဦးမည်။
Posted from my blog with SteemPress : https://bobokyaw.000webhostapp.com/2020/05/%e1%80%b1%e1%80%84%e1%80%bc%e1%80%90%e1%80%b6%e1%80%af%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%9b%e1%80%9c%e1%80%ac%e1%80%bb%e1%80%95%e1%80%ae
Leave ငွေတုံးတွေရလာပြီ to:
Read more #steempress posts
Best Posts From bobokyaw
We have not curated any of bobokyaw's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.
More Posts From bobokyaw
- Two band members found (Day 73: Playing Rising Star Game)
- Band Auditions Mission Starts Now! (Day 72: Playing Rising Star Game)
- Level 74 has been reached (Day 71: Playing Rising Star Game)
- Level 73 has been reached (Day 70: Playing Rising Star Game)
- STARBITS Millionaire (Day 69: Playing Rising Star Game)
- Trying for a Future (Day 68: Playing Rising Star Game)
- Bought two Risky Whiskey (Day 67: Playing Rising Star Game)
- (Day 66: Playing Rising Star Game)
- Level 67 has been reached (Day 65: Playing Rising Star Game)
- I bought two cold pizzas today (Day 64: Playing Rising Star Game)