asterkame avatar

Today Paper Craft

asterkame

Published: 01 Sept 2021 › Updated: 01 Sept 2021Today Paper Craft

Today Paper Craft

ဒီတစ်ခုကခဲတံ၊ဘောလ်ပင်စသည့်စာရေးကိရိယာ၊ဒါမှမဟုတ်အခြားပေါ့ပေါ့ပါးပါးအတိုအထွာလေးတွေထားလို့ရတဲ့ဘောက်စ်တစ်ခုပြုလုပ်လိုက်ပါတယ်။ထိုဘောက်စ်ကိုလှပသောဘိုးတစ်ပွင့်ဖြင့်လည်းအလှဆင်ထားပါတယ်။ပြုလုပ်နည်းအဆင့်ဆင့်ကိုပုံနဲ့စာဖြင့်ဖော်ပြထားပြီး၊ကတ်ထူ၊ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံတို့ကိုအသုံးပြု၍ပြုလုပ်ထားပါတယ်။ပထမအဆင့်မှာကတ်ထူတစ်ရွက်ကိုပုံအတိုင်းဖြတ်၍တစ်ဘက်မှာအပြာရောင်၊ကျန်တစ်ဘက်ကိုပန်းရောင်စက္ကူဖြင့်ကော်ကပ်ပါတယ်။ပြီးနောက်စက်ဝိုင်းပုံကတ်ထူဘောက်စ်တစ်ခုမှာထိုကတ်ထူကိုကော်ကပ်လိုက်ပါတယ်။ပြီးနောက်ဘိုးတစ်ပွင့်ဖြင့်အလှဆင်ပါတယ်။ဘိုးပွင့်ပြုလုပ်နည်းကအဝါရောင်စာရွက်ကိုအလျားအနံတူညီစွာညှပ်၍အနက်ရောင်အစက်များဆွဲလိုက်ပါတယ်။ပြီးနောက်အလယ်မှတစ်ဝက်တိတိခေါက်၍ထိုအလယ်မျဥ်းအထိအနားနှစ်ဘက်ကိုခေါက်ပါတယ်။ထိုစက္ကူခေါက်ကိုပုံအတိုင်းလေးပိုင်းအညီအမျှလေးခေါက်ချိုးလိုက်ပါတယ်။ပြီးနောက်အနားတစ်ဘက်ကိုလေးပုံတစ်ပုံခေါက်၍ကျန်အနားတစ်ဘက်ကိုအလယ်တစ်ဝက်မှအပြင်ဘက်သို့ခေါက်ပါတယ်။ထိုစက္ကူခေါက်တစ်ခုလုံးကိုတွန့်ခေါက်၍အလယ်မှခေါက်ချိုးပြီး၊အပ်ချည်ဖြင့်ချည်ပါတယ်။ပြီးနောက်လိမ္မော်ရောင်စက္ကူဖြင့်ပုံအတိုင်းညှပ်၍အလယ်သို့ခေါက်၍ကော်ကပ်ပြီး၊အနက်ရောင်စက္ကူစဖြင့်ကော်ကပ်ပါတယ်။အဝါရောင်စက္ကူအပိုင်းတစ်ခုကိုလည်းညှပ်၍ကော်ကပ်ပြီးဘိုးတစ်ပွင့်ပြုလုပ်ပါတယ်။ပြီးနောက်ဘောက်စ်မှာအလှဆင်ပါတယ်။

img_0.18973164149856425.jpg

img_0.1788288392762157.jpg

img_0.09067312475174.jpg

img_0.7337904703342545.jpg

img_0.5162236843532593.jpg

img_0.9203057817554807.jpg
Written by asterkame@asterkame
By my photos & made by me

Leave Today Paper Craft to:

Written by

Read more #hive-122133 posts


Best Posts From asterkame

We have not curated any of asterkame's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From asterkame