asterkame avatar

Origami Paper Gift Bag

asterkame

Published: 05 Sept 2021 › Updated: 05 Sept 2021Origami Paper Gift Bag

Origami Paper Gift Bag

ဒီတစ်ခုကလက်ဆောင်ပစ္စည်းလေးတွေအတွက်အသုံးဝင်တဲ့ gift box တစ်ခုပါ။ပြုလုပ်နည်းကိုပုံတွေနဲ့ဖော်ပြထားသလိုစာရေး၍လည်းပြောပြထားပါတယ်။ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံစသဖြင့်လိုအပ်ပါတယ်။ဒီဘောက်စ်တစ်ခုလုံးကိုစက္ကူခေါက်ခြင်းဖြင့်ပြုလုပ်ထားပြီးဘိုးတစ်ပွင့်ဖြင့်လည်းအလှဆင်ထားပါတယ်။ပထမအဆင့်မှာစာရွက်ကိုအလျားအနံတူညီစွာညှပ်ပါတယ်။ပြီးနောက်ထောင့်ဖြတ်အတိုင်းခေါက်ချိုးပြီး၊ထောင့်စွန်းလေးခုကိုအလယ်သို့ခေါက်ပါတယ်။ထိုစက္ကူခေါက်ကိုအညီအမျှသုံးခေါက်ချိုးပြီး၊မျက်နှာချင်းဆိုင်အစွန်းနှစ်ခုကိုဖြန့်၍ရရှိထားတဲ့ခေါက်ချိုးမျဥ်းများအတိုင်းဘောက်စ်ပုံစံရအောင်ခေါက်ပါတယ်။ကျန်တစ်ဘက်ကိုခေါက်တဲ့အခါဘေးဘက်နှစ်ဘက်ကိုအလယ်မှခေါက်ချိုးပြီး၊အစွန်းကိုဘောက်စ်ရဲ့အဖုံးပုံစံဖြစ်အောင်ခေါက်ပါတယ်။လက်ကိုင်အတွက်စက္ကူအပိုင်းတစ်ခုကိုခေါက်၍ကော်ကပ်ပြီး၊ဘောက်စ်မှာကော်ကပ်ပါတယ်။ဘိုးပွင့်အတွက်အနီရောင်စက္ကူအပိုင်းမှာဘေးနှစ်ဘက်ကိုအလယ်သို့ခေါက်ပြီး၊အခြားအနီရောင်စက္ကူအပိုင်းတစ်ခုထပ်မံပြုလုပ်၍ဘိုးပွင့်ပြုလုပ်ကာဘောက်စ်မှာအလှဆင်ပါတယ်။

img_0.6246146411847981.jpg

img_0.09507954966435964.jpg

img_0.87989487546178.jpg

img_0.3588968283139747.jpg

img_0.31838635911493446.jpg

img_0.6538119916303848.jpg
‌Written by asterkame@asterkame
‌By my photos & made by me

Leave Origami Paper Gift Bag to:

Written by

Read more #hive-122133 posts


Best Posts From asterkame

We have not curated any of asterkame's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From asterkame