asterkame avatar

Beautiful Paper Box

asterkame

Published: 17 Mar 2020 › Updated: 17 Mar 2020Beautiful Paper Box

Beautiful Paper Box

ဒီတစ်ခုကတော့paper boxတစ်ခုပြုလုပ်ထားတာပါ။နှင်းဆီပွင့်အရွက်များနှင့်လှပစွာပုံဖော်ထားပါတယ်။ပထမအဆင့်မှာကတ်ထူဘူးခွံတစ်ခုကိုစာရွက်ဖြင့်တစ်ခုလုံးကော်ကပ်ပါတယ်။ဆက်လက်ပြီးကတ်ထူကိုခုနကပြုလုပ်တဲ့ဘူးခွံအရွယ်အတိုင်းလိုအပ်သလိုတိုင်း၍ဖြတ်လိုက်ပြီး၊အတွင်းအပြင်ရောင်စုံစာရွက်ကော်ကပ်ကာ၊ဘူးခွံနှင့်ဆက်လိုက်ပါတယ်။boxရဲ့အပြင်ဘက်
အဖုံးမှာလည်းအနီရောင်စာရွက်ကိုပုံစံဖော်၍ဖြတ်ပြီး၊ကော်ကပ်ပါတယ်။

img1583689437151.jpg

IMG_20200303_192431.jpg

IMG_20200304_135913.jpg

IMG_20200304_140500.jpg

ဒီအဆင့်မှာနှင်းဆီပွင့်များပြုလုပ်ပါတယ်။အဝါရောင်စာရွက်ကိုလေးခေါက်ခေါက်ချိုးပြီး၊ရှေ့ဘက်မျက်နှာပေါ်ပုံမှာတွေ့ရတဲ့အတိုင်းပုံစံဆွဲလိုက်ပါတယ်။ပြီးနောက်ဆွဲထားတဲ့အတိုင်းကတ်ကြေးဖြင့်ဖြတ်ပြီး၊ပန်းပွင့်ပုံဖြစ်အောင်ခေါက်၍အဆုံးမှာကော်ကပ်ပါတယ်။ထိုနည်းအတိုင်းအဝါရောင်နှင်းဆီပွင့်များပြုလုပ်ပါတယ်။ဆက်လက်ပြီးအစိမ်းရောင်အရွက်များဖြတ်မှာပါ။

IMG_20200303_213635.jpg

Uploading image #3...

IMG_20200304_135311.jpg

ပြုလုပ်နည်းကအစိမ်းရောင်စာရွက်ကိုပထမဆုံးအရွက်ပုံဖြတ်လိုက်ပါတယ်။အရွက်ရဲ့အနားတွေကိုပုံအတိုင်းပုံဖော်၍ဆွဲပြီး၊ဖြတ်ကာအစိမ်းရောင်အရွက်များပြုလုပ်ပါတယ်။boxရဲ့အတွင်းမှာကဒ်လေးတွေထည့်လို့
ရအောင်စက္ကူအိတ်တစ်လုံးပြုလုပ်မှာပါ။စာရွက်ကိုတိုင်း၍ဖြတ်ပြီး၊ဖြတ်တဲ့အခါနံဘေးမှာကော်ကပ်ရန်နေရာချန်၍ဖြတ်မှာပါ။ပြီးနောက်အနားသုံးဘက်ကိုပုံအတိုင်းခေါက်ချိုးပြီးအိတ်ပုံစံပြုလုပ်ပါတယ်။အိတ်ရဲ့ရှေ့ဘက်မှာလည်းအနားကွပ်လေးတွေကပ်လိုက်ပါတယ်။ပြီးတော့boxမှာကော်ကပ်
ပါတယ်။ပန်းပွင့်နှင့်အရွက်များကိုလည်းအပြင်ဘက်မှာအလှဆင်ကော်ကပ်ပါတယ်။

IMG_20200304_165443.jpg

IMG_20200304_140949.jpg

IMG_20200305_120604.jpg

IMG_20200305_120539.jpg

IMG_20200305_120515.jpg

Written by asterkame@asterkame
MSC-008
By my photos & made by me

Leave Beautiful Paper Box to:

Written by

Read more #myanmar posts


Best Posts From asterkame

We have not curated any of asterkame's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From asterkame